International News

အအေးခန်းဖြင့်တင်သွင်းလာသော စားသောက်ကုန်များတွင် COVID-19ပိုး စစ်ဆေးနေသည့် တရုတ်နိုင်ငံ

Last Updated:

COVID-19 ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် တရုတ်နိုင်ငံက နောက်ဆုံးဆောင်ရွက်ချက်အနေဖြင့် ပြည်ပမှ အအေးခန်းဖြင့် တင်သွင်းလာသော အစား အစာအားလုံးတို့အား novel coronavirus nucleic acid testများစစ်ဆေးလျက်ရှိပါသည်။

၎င်းကုန်စည်များအပြင် ကူးစက်မှုအန္တရာယ်မြင့်မားသော နိုင်ငံများနှင့် ဒေသများထံမှ ရောက်ရှိလာသည့် အခြားကုန်ပစ္စည်းများကိုလည်း စစ်ဆေးသွားမည်ဖြစ် သည် ဟုသိရပါသည်။

မည်သည့်ပို့ဆောင်ရေးနည်းလမ်းဖြင့်မဆို ရောက်ရှိလာသော အအေးခန်းစနစ်ဖြင့် တင်သွင်းလာသည့် ကုန်ပစ္စည်းများ၊ ၎င်းပစ္စည်းများကို ထားရှိသည့်နေရာများနှင့် သိုလှောင်ရုံများကိုဆို ရောဂါပိုးမွှားများ ကင်းစင်ရေးပိုးသတ်ဆောင်ရွက်မည်ဖြစ်ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ english.customs.gov.cn (၃-၉-၂၀၂၀)

Category: International News